Saturday, May 16, 2020

မေတ္တာပို့ (မြန်မာ အနက်)

(မဟာစည်ဆရာတော်၏ မေတ္တာပို့ မြန်မာ အနက်။)


အကျွန်ုပ်သည် ဘေးရန်ကင်းကွာ ချမ်းသာရပါလို၏။

စိတ်ဆင်းရဲခြင်း ကင်းရပါလို၏။

ကိုယ်ဆင်းရဲခြင်း ကင်းရပါလို၏။

ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ရပါလို၏။


ကျွန်ုပ်၏ မိဘ နှစ်ပါး၊

ဆရာသမားအားလုံး၊

ဉာတကာ မိတ်ဆွေအားလုံး၊

တရားကျင့်ဖော်များအားလုံး


ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။

စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။

ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။

ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။


ဤအရံအတွင်းမှာ မှီတင်းနေထိုင်ကြသော ယောဂီသူတော်စင်အားလုံး

ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။

စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။

ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။

ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။


ဤအရံအတွင်းမှာ မှီတင်းနေထိုင်ကြကုန်သော ရဟန်း၊

သာမဏေအားလုံး၊

သူတော်စင်အမျိုးသား၊ သူတော်စင်အမျိုးသမီးအားလုံး

ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။

စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။

ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။

ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။


ကျွန်ုပ်၏ ပစ္စည်းလေးပါး အလှူဒါယကာ၊ အလှူဒါယိကာမအားလုံး

ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။

စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။

ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။

ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။


ကျွန်ုပ်၏ ကိုယ်စောင့်နတ်အပေါင်း

ဤကျောင်းတိုက် အတွင်း၌ လည်းကောင်း၊

ဤအိမ် အတွင်း၌ လည်းကောင်း၊

ဤခြံကြီး အတွင်း၌ လည်းကောင်း၊

စောင့်ရှောက်ကြကုန်သော ဒေဝတာ နတ်အပေါင်း‌

ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။

စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။

ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။

ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။


သက်ရှိ ကျားမ-မဟူ သတ္တဝါအပေါင်း၊

ဝင်သက်ထွက်သက် ရှိကြကုန်သော သတ္တဝါအပေါင်း၊

အလုံးစုံသော သတ္တဝါအပေါင်း၊

ပုဂ္ဂိုလ်အပေါင်း၊

ရုပ် နာမ် နှစ်ပါး ရှိကြကုန်သော သတ္တဝါအပေါင်း၊

အမျိုးသမီးအပေါင်း၊

အမျိုးသားအပေါင်း၊

အရိယာ သူတော်စင်အပေါင်း၊

အရိယာ မဖြစ်သေးကုန်သော ပုဂ္ဂိုလ်အပေါင်း၊

နတ်ဗြဟ္မာအပေါင်း၊

လူသားအပေါင်း၊

အပါယ်ဘုံသားအပေါင်း


ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။

စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။

ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။

ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။


ကိုယ်၊ စိတ် ဆင်းရဲခြင်းမှ ကင်းလွတ်ကြပါစေ။

ရရှိပြီးသော ဂုဏ်သိန်စည်းစိမ် ဥစ္စာများလည်း မယုတ်လျော့ကြပါစေသတည်း။

ကိုယ်ပြုသော အမှုအတိုင်း ခံစား၊ စံစားရသူချည်းပါတကား။


အရှေ့အရပ်၌ ရှိကြကုန်သော၊

အနောက်အရပ်၌ ရှိကြကုန်သော၊

မြောက်အရပ်၌ ရှိကြကုန်သော၊

တောင်အရပ်၌ ရှိကြကုန်သော၊

အရှေ့တောင်ထောင့်အရပ်၌ ရှိကြကုန်သော၊

‌အနောက်မြောက်ထောင့်အရပ်၌ ရှိကြကုန်သော၊

အရှေ့မြောက်ထောင့်အရပ်၌ ရှိကြကုန်သော၊

အနောက်တောင်ထောင့်အရပ်၌ ရှိကြကုန်သော၊

အောက်အရပ်၌ ရှိကြကုန်သော၊

အထက်အရပ်၌ ရှိကြကုန်သော


သက်ရှိ ကျားမ-မဟူ သတ္တဝါအပေါင်း၊

ဝင်သက်ထွက်သက် ရှိကြကုန်သော သတ္တဝါအပေါင်း၊

အလုံးစုံသော သတ္တဝါအပေါင်း၊

ပုဂ္ဂိုလ်အပေါင်း၊

ရုပ်၊ နာမ် နှစ်ပါး ရှိကြကုန်သော သတ္တဝါအပေါင်း၊

အမျိုးသမီးအပေါင်း၊

အမျိုးသားအပေါင်း၊

အရိယာ သူတော်စင်အပေါင်း၊

အရိယာ မဖြစ်သေးကုန်သော ပုဂ္ဂိုလ်အပေါင်း၊

နတ်ဗြဟ္မာအပေါင်း၊

လူသားအပေါင်း၊

အပါယ်ဘုံသားအပေါင်း


ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။

စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။

ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။

ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။


ကိုယ်၊ စိတ် ဆင်းရဲခြင်းမှ ကင်းလွတ်ကြပါစေ။

ရရှိပြီးသော ဂုဏ်သိန်စည်းစိမ် ဥစ္စာများလည်း မယုတ်လျော့ကြပါစေသတည်း။

ကိုယ်ပြုသော အမှုအတိုင်း ခံစား၊ စံစားရသူချည်းပါတကား။


အထက်ဘဝဂ်၊

အောက်အဝီစိ၊

ရှိရှိသမျှ အနန္တ စကြဝဠာ၊

ကုန်းနေသတ္တဝါအားလုံး၊

ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊

ငြိမ်းအေးကြပါစေ။


အထက်ဘဝဂ်၊

အောက်အဝီစိ၊

ရှိရှိသမျှ အနန္တ စကြဝဠာ၊

ရေနေသတ္တဝါအားလုံး၊

ဥပါဒ်ရန်ဘေး ကင်းစင်‌ဝေး၊

ငြိမ်းအေးကြပါစေ။


အထက်ဘဝဂ်၊

အောက်အဝီစိ၊

ရှိရှိသမျှ အနန္တ စကြဝဠာ၊

ကောင်းကင်နေသတ္တဝါအားလုံး၊

ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊

ငြိမ်းအေးကြပါစေ။    ။


ပါဠိ  ကြည့်လိုလျင်


ပါဠိ၊ မြန်မာ အနက် ကြည့်လိုလျင်